ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏ CoreBridge Company Limited ကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများ၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ဝန်ဆောင်မှုများ၊ ရုံးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
CoreBridge ကုမ္ပဏီ လီမိတက်၏ ကျွမ်းကျင် ဝန်ထမ်းများသည် နောက်ဆုံးပေါ် နည်းပညာများနှင့် နည်းစနစ်များကို အသုံးပြုကာ အကောင်းဆုံး ဝန်ဆောင်မှုများကို မိတ်ဖက် အဖွဲ့အစည်းများ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေရန် ဝန်ဆောင်မှုပေးနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ပါသည်။

ကျွန်ုပ်တို့အမြင်

ကျွန်ုပ်တို့၏ မိတ်ဖက် အဖွဲ့အစည်းများနှင့် ဖောက်သည် ကုမ္ပဏီများအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ လုပ်ငန်းများ၊ ရုံးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများ၊ ဝန်ထမ်း လိုအပ်ချက်များနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်

မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊ ပူးပေါင်း ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဝန်ဆောင်မှုများ မြင့်မား တိုးတက်လာစေရန် အတွက် အဓိကကျသည့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု ကဏ္ဍများ၊ သတင်းအချက် အလက်နှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ကျွန်ုပ်တို့၏ CoreBridge ကုမ္ပဏီ လီမိတက်မှ အကောင်းဆုံး ဖြည့်ဆည်း ထောက်ပံ့ ပေးနိုင်ရန် အဓိကထားပြီး ရည်ရွယ် ဆောင်ရွက်လျက် ရှိပါသည်။

ဝန်ဆောင်မှုများ

  • လူ့စွမ်းအားအရင်းအမြစ် အတိုင်ပင်ခံ ဝန်ဆောင်မှု
  • ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်း ဝန်ဆောင်မှု
  • ဝန်ထမ်း ရှာဖွေခြင်း ဝန်ဆောင်မှု
  • ဝန်ထမ်း လစာရေးဆွဲခြင်း ဝန်ဆောင်မှု
  • လေ့ကျင့်သင်ကြားရေး ဝန်ဆောင်မှု
  • လူ့စွမ်းအားအရင်းအမြစ် စစ်ဆေးခြင်းဝန်ဆောင်မှု
  • Digital Marketing ဝန်ဆောင်မှု
  • Search Engine Optimization ဝန်ဆောင်မှု
  • Event များအတွက် အစီအစဉ်များရေးဆွဲပေးခြင်းနှင့် စီမံခန့်ခွဲပေးခြင်း ဝန်ဆောင်မှု
  • ကုန်ပစ္စည်း အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စျေးကွက်ထိုးဖောက်ရေး ဝန်ဆောင်မှုများ
  • အုပ်ချုပ်ရေးပံ့ပိုးမှုဝန်ဆောင်မှုများ
  • စာရွက်စာတမ်းစီမံခန့်ခွဲမှု
  • ဆက်သွယ်ရေးစီမံခန့်ခွဲမှု
  • ရုံးဆိုင်ရာအဆောက်အဦစီမံခန့်ခွဲမှု
  • ဖောက်သည်ဝန်ဆောင်မှု
  • စီမံကိန်းစီမံခန့်ခွဲမှု

အခန်းအမှတ်(၂၀၁)၊ Shop House Building (B-21) (လူနေဆိုင်ခန်း အဆောက်အအုံ)၊ ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။